Pages

Friday, January 2, 2015

အမေနေ့ ဖြစ်ပေါ်လာပုံ

သူငယ်ချင်းတို့ရေ........
ကျွန်တော်တို့တတွေ...ကမ္ဘာ့ပြက္ခဒိန်ကုန်ခါနီးတော့ နှစ်ကူးအတွက် ပျော်ပါးဖို့ ကြိုတင်ကြံနေတဲ့အချိန်.
ကျွန်တော်တို့ မြန်မာပြက္ခဒိန်လေးမှာတော့ ချမ်းအေးလှတဲ့ ပြာသိုလ်လလေး ရောက်လာပါပြီ။
 ပြာသိုလ်လလေးမှာ ဖြူစင်လှတဲ့ နှင်းပွင့်လေးတွေကျဆင်းပြီး အေးချမ်းလှပါတယ်...
 ထိုသဘာဝတရားကို အခြေခံကာ.... စာရေးဆရာ ဒါရိုက်တာ ဦးသုခက ..ကျွန်တော်တို့ကို လူဖြစ်အောင် ၀မ်းနဲ့ ၉ လ လွယ်ကာ မွေးဖွားပေးခဲ့တဲ့ အမေ့ရဲ့ မေတ္တာတရားကို ပုံဖော်ထားတဲ့....အမေ့နေ့ ကို ကျင်းပခဲ့ပါတယ်.. 
             အဲဒီနေ့ဟာ ပြာသိုလ်လပြည့်နေ့ ပါ...
အမေ့ရဲ့ အရိပ်ဟာ အေးချမ်းပြီး ..မေတ္တာတရားဟာ ဖြူစင်ကာ.. ထာဝရပြည့်ဝနေဆိုတာ 
ပုံဖော်ထားတဲ့ အမေ့နေ့ လေးဟာ ဒီလလေးထဲမှာမို့ ..
သူငယ်ချင်းတို့ရေ....ကျွန်တော်တို့ အမေနေ့ လေးမှာလည်း .. ကျွန်တော်တို့ အမေ့ကျေးဇူးကို ကိုယ်နိုင်တဲ့ အနေအထားကနေ ပုံဖော်ပြသပြီး အမေ့ကို ကျေးဇူးဆပ်ကြရအောင်လား.. 
       
                                  (ကမ္ဘာ့  အမေနေ့)ဖြစ်ပေါ်လာပုံ 
အမေနေ့ (Mother Day)သည် ကမ္ဘာပေါ်ရှိ အမေအားလုံးကို ဂုဏ်ပြုသောနေ့ အဖြစ် 
 နှစ်စဉ် မေလဒုတိယပတ် တနင်္ဂနွေနေ့ကို အမေနေ့ဟု နိုင်ငံအများစုက သတ်မှတ်ကြပါသည်။
 မြန်မာနိုင်ငံတွင် အမေနေ့ကို နှစ်စဉ် ပြာသိုလပြည့်နေ့၌ ကျင်းပပြုလုပ်ပြီး အမေ့ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ပြောဆို ကြသည်။ 
ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အလိုက် မတူညီသော ရက်များတွင် အမေနေ့ကို ကျင်းပကြပါသည်။
 ရှေးဟောင်း ဂရိ ရောမခေတ်မှ စတင်၍ ဒီနေ့ခေတ်အထိ အမေနေ့ကို ကျင်းပနေကြဆဲ ဖြစ်ပါသည်။
 နောင်တွင်လဲ အမေ့ကျေးဇူး ထုတ်ဖော်သည့် နေ့ကို ဆက်လက်ကျင်းပ နေကြအုံးမှာ မလွဲပေ၊ 
Officially အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်း အားထုတ်ခဲ့သူမှာ အမေရိကန်နိုင်ငံသူ Juila Ward Home (1819-1910) ဖြစ်သည်။ 
သူမသည် ကျော်ကြားသော စာရေးဆရာမကြီးတစ်ဦးဖြစ်ပြီး အမေနေ့ဖြစ်မြောက်ရန် ကလောင်စွမ်းနှင့် ကြိုးပမ်းခဲ့သူဖြစ်သည်။ 
အမေနေ့ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့သူ Juila Ward Home သမီး Anna Jarvis က အမေ့ အိပ်မက်ကို ဆက်လက်ပြီး ရှင်သန်စေခဲ့သူ ဖြစ်ပြီး သူမဟာလဲ မမေ့သင့်သော ကျေးဇူးရှင် တစ်ဦးဖြစ်ပါသည်။ 
 Juil Ward Home နှင့် Anna Jarvis တို့၏ ကြိုးပမ်းမှုများကြောင့် နောက်ပိုင်းတွင် ကမ္ဘာာနှင့်အ၀ှမ်း အမေနေ့ ကျင်းပနေခဲ့ကြတာ ဖြစ်ပါသည်။ 
အင်္ဂလန်နိုင်ငံတွင် မယ်တော်မယ်ရီကို ဂုဏ်ပြုသည့်အနေ့နှင့် ကျင်းပလေ့ရှိသည်။ 
ထိုနေ့မှာ အမေအားလုံးသည် တူညီဝတ်စုံများကို ၀တ်ဆင်ပြီး အခမ်းအနား ကျင်းပသောနေရာကို ရောက်လာသောအခါ သားသမီးများက အမေများ၏ ကျေးဇူးကို ထုတ်ဖော်ပြောဆိုကြပါသည်။

                                      မြန်မာ့ အမေနေ့ ဖြစ်ပေါ်လာပုံ
 မြန်မာပြည်တွင် စာရေးဆရာ ဒါရိုက်တာ ဦးသုခ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြာသိုလ်လပြည့်နေ့ကို အမေနေ့အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး မြန်မာ့ ပြက္ခဒိန်တွင် ပြာသိုလ်လပြည့် အမေ့နေ့ အဖြစ် ကမ္ဗည်းတင်နိုင်ခဲ့ပေသည်။
 မြန်မာ့ယဉ်ကျေးမှု့အရ အမေကို ဘုရားနှင့် တစ်ဂိုဏ်းတည်း ထားပြီး မာတာပိတုဂုဏောအနန္တော ဆိုပြီး ပူဇော်ခဲ့ အရိုအသေ ပေးခဲ့ကြသည်။
 ဆရာကြီး ဦးသုခက Officially ဖြစ်အောင် ကြိုးပမ်းပေးသူ ဖြစ်ပါသည်။
 ၁၉၉၅-ခုနှစ်၊ ပြာသိုလ်လပြည့်နေ့၌ စာရေးဆရာ ဦးသုခ၏ တိုက်တွန်းပြောပြချက်အရ မန္တလေးတွင် အမေနေ့ကို ပထမဦးဆုံး စတင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ မိဘကျေးဇူးဆပ်နည်း- စသည့် ဗဟုသုတပညာပေးများ ဟောပြောခြင်းဖြင့် ခေတ်လူငယ်များအား အသိပညာဗဟုသုတ တိုးပွားစေလိုသည့် ဆန္ဒဖြင့် စတင်ခဲ့ခြင်း ဖြစ်ပါသည်။ 
“အမေ”ဆိုသည့် စာကလေးနှစ်လုံးကို အသံထွက်အောင် ရွတ်ဆိုကြည့်လိုက်စမ်းပါ။ 
အလွန်ချိုမြိန်သော၊ သာယာသော၊ စိတ်ချမ်းသာသော၊ မေတ္တာနှင့်ထုန်မွှန်းသော အရသာကို ခံစားရပါလိမ့်မည်..........။ 
            (ဆရာကြီး ဦးသုခ၏ ပထမဆုံးအကြိမ် မန္တလေး အမေနေ့ ဟောပြောပွဲမှ)

No comments:

Post a Comment