ရဟန်းသံဃာတော်တွေ ကိုရင်လေးတွေ နေတာ
ထိုင်တာ ဝိနည်းနဲ့ မညီဘူး တချို့ ကလည်း
ဘုရားရှင်က ဘယ်လိုပညတ်ထားတာ စသဖြင့်
ဝေဖန်နေလိုက်ကြတာများ နေရာတော်တော်
များများမှာ တွေ့ နေရတယ် ။
ကိုယ်ကိုတိုင် ရဟန်းဝတ်နိုင်လား ဆိုတော့လည်း
မဝတ်နိင်ဘူး၊ ဒါဖြင့် ရှစ်ပါးသီလလောက်တော့
နေ့ တိုင်းလုံခြုံရဲ့လားလို့ ဆိုတော့လည်း
မစောင့်နိုင်ဘူး ရဟန်းသံဃာတွေ အမြင်မတော်
တွေချည်းပဲထောက်ပြပြီး ဝေဘန်နေကြတယ်။
လူတွေရဲ့ အသက်တမ်းနဲ့ ညီမျှတဲ့ အကုသိုလ်
လူတွေရဲ့အကျင့်သိက္ခာ သာသနာတော်ကို
စောင့်ရှောက်ရတဲ့ပုံသဏ္ဌာန်ဟာ အနည်းနဲ့ အများတော့
ကွာခြားပါလိမ့်မယ် ဘောပွဲကြည့်တာ ညနေစာစားတာ
လောက်ကိုအပြစ်လုပ်ပြီးမြင်နေလို့ ကတော့
သဒ္ဒါတရားမရှိသူတွေပါအကြည်ညိုပျက်စေနိုင်ပါတယ်။
တခုလောက်မေးပါရစေ
ဝါတွင်းကာလရောက်တိုင်း
ကိုယ်ကမိုးအေးလို့ ကွေးနေချိန်မှာ
ထီးမပါ ဖိနပ်မပါပဲ မိုးရွာထဲမှာ
တရက်ကွပ်လုံးလှည့်ပတ်ပြီး
လူတွေနတ်ပြည်နိဗ္ဗါန်ရောက်ဖို့ 
.ဖြည့်ဆည်းပေးနေရတာ မြင်ဘူးပါသလား
ကိုယ်ဆိုရင်ရော အဲလိုလုပ်နိုင်ပါ့မလား ?
ကိုယ့်သားသမီးလေးတွေ ဆော့ကစားတက်တဲ့အရွယ်မှာ
ဆော့ဖို့ ကစားစရာအရုပ်ဝယ်ပေးနေတဲ့အချိန်မှာ
သပိတ်ကိုမနိုင်မနင်းမနင်းပိုက်ပြီး
အရုပ်ဆိုင်ရှေ့ မှာ ခဏရပ်ကာ ငေးမောကြည့်ရှု့ တက်တဲ့
ကိုယ့်သားသမီး အရွယ်ကိုရင်လေးတွေကို တွေ့ ဘူးပါသလား ?
သူတို့ စာလိုက်ဖို့ ဗလာစာအုပ် ဘောပင်
ဝတ်ဖို့ သင်္ကန်းပြည့်စုံအောင်လှူ ဖို့ 
စိတ်ထဲမှာ ဖြစ်ဘူးပါသလား ?
ဘုရားရှင်လက်ထပ်က လူတွေက ကိုယ်ကျင့်တရား
ကောင်းတယ် လှူ ကြတန်းကြတာပြည့်စုံတယ်
အဲဒီတော့ ရဟန်းသံဃာတွေက ပြည့်စုံတယ်
ဝိနည်းကိုလုံခြုံစွာစောင့်ထိမ်းနိုင်တယ် ။
ခုခေတ်က လူတွေသဒ္ဒါတရားနည်းပါးတယ်
သူတို့ မပြည့်စုံဘူး အဲဒီတော့ သူတို့ ဆွမ်းကွမ်း
အတွက် သူတို့ အလှူ ခံချင်ခံမယ် ။
ဒါအပြစ်ပြောလို့ မရဘူး ရုပ်ဝတ္တုတွေတိုးတက်မယ်
fb သုံးချင်သုံးမယ် ဘောပွဲကိုလူအများစိတ်ဝင်စားတယ်
သူတို့ လည်း ပုထုစဉ်တွေဖြစ်တဲ့အတွက်
စိတ်ဝင်စားတာ မဆန်းလှပါဘူး
အဓိက က သူတို့ ရဟန်းသံဃာ
စာမေးပွဲတွေအောင်ဖို့ က အဓိကပဲလေ။
ဝါသနာဆိုတာ ဘုရားရှင်မှလွဲ၍ ဘယ်သူမှ
မသတ်နိုင်ပါဘူး ဘုရားရှင်လက်ထက်က
ဇေတဝန်ကျောင်းတို့ ပုဗ္ဗာရုံကျောင်းတို့ မှာ
ဆော့ကစားနေတဲ့ ကိုယ်ရင်လေးတွေအများကြီးပါ
ငယ်တယ်ဆိုပြီးမလေးမစားတော့သွားမလုပ်လိုက်လေနဲ့ 
အဲဒါရဟန္တာကြီးတွေ ကလေးသဘာဝ သူတို့ ဖာသာဆော့နေကြတာ။
သာသနာ့တာဝန်ကို ထမ်းမဲ့လူနည်းလို့ 
ကြိတ်မှိတ်ပြီးထမ်းနေရတာ ကိုယ်က ချီးမြှောက်
ရမှာကို ပုတ်ခတ်တယ်ဆိုတော့သဘာဝမကျလှပါဘူး
သူတို့ လို ဘဝတစ်ခုလုံးပေးဆပ်နေရတာကို
မပြောပါနဲ့  ကိုယ့်ကိုကိုယ်ပဲမေးကြည့်ပါ ။
ဧဝံမေသုတံ နဲ့  abcd
ဘာကိုစိတ်ဝင်စားလဲ?
.ဇေတဝန် နဲ့ စိန်ဂေဟာ
ဘာကိုစိတ်ဝင်စားလဲ?
အနာထပိဏ်နဲ့ ဂျွန်ဆော အွန်ဆော
ဘာကိုစိတ်ဝင်စားလဲ?
ပဋာစာရီ ခေမာနဲ့ မိုးဟေကို ရွှေမှုန်ရတီ
ဘာကိုစိတ်ဝင်စား?
နွားကျင်ငယ်ရေနဲ့ ဘီယာ
ဘာကိုပိုကြိုက်လဲ ?
ကိုယ်ကတော့အကောင်းဆုံးဇိမ်ခံပြီး
လှူ ဖို့ တန်းဖို့  သတိမရပဲ ဘောလုံးကန်တာ ညနေစာစားတာ
ဝိနည်းနဲ့ မညီဘူး အော်နေကြရင် ကိုယ်ကိုယ်တိုင်ပဲ
ရဟန်းဝတ်ပြီး ဝိနည်းနဲ့ ပတ်သတ်တဲ့ စာတွေသင်ပြီး
စာချ လုပ်ပါလား ?
အခုတော့ ထမ်းရွက်မဲ့သူမရှိလို့  ဘဝတစ်ခုလုံး
ပေးဆပ်နေတဲ့ ကိုရင်လေးတွေ ရဟန်းသံဃာတော်
တွေကို ဝေဖန်တာဟာ ရုပ်ပျက်လွန်းပါတယ်။
အဲဒီလို ကိုယ်တော်တွေရှိနေလို့ သာ
ကျွန်တော်တို့ တတွေ ဗုဒ္ဓဘာသာအဖြစ်ရပ်တည်
နေနိုင်တာပါ သူတို့ သာမရှိရင် ကျွန်တော်တို့ လည်း
ဒီအချိန်လောက်ဆို ဖင်ကုန်းပြီး အလ္လာဆိုပြီး
အော်နေရလောက်ပြီ ။
ဒါတွေကို ဗုဒ္ဓဘာသာဝင်တိုင်း သဘောပေါက်စေချင်လို့  စေတနာများစွာဖြင့်
ရေးသားတင်ပြလိုက်ပါတယ်။

0 comments:
Post a Comment