
အောက်ပါစကားများကို သင်ပြောမိတာမျိုး ရှိတတ်ပါသလား စမ်းစစ်နိုင်အောင်တင်ပေးလိုက်ပါတယ်။
၁။ အလကားကောင် အသုံးမကျတဲ့ကောင် မိဘများ အထူးဆင့်ခြင်သင့်ပါတယ်။
ကလေးဆိုတာမျိုးက မိဘရည်ညွန်းသလို ဖြစ်တတ်သွားပါတယ်။
အော..ငါ့အဖေကငါ့ကို အလကားကောင်လို့ ပြောနေပါလား ၊
ငါတကယ်ပဲ အသုံးမကျတဲ့ကောင်ဖြစ်နေတာပဲ- စသည်ဖြင့် ကလေးကိုအသိဝင်သွားစေတတ်ပါတယ်။
၂။ မင်းပါးစပ်ပိတ်ထားစမ်း မင်းပါးစပ်ပိတ်ထားစမ်း၊ မင်းဘာလို့ မိဘစကားကို နားမထောင်တာလဲ၊
စကားနားထောင်ခြင်းဆိုတာ နာခံခြင်းကိုကိုယ်စားပြုနေတတ်ပါတယ်။
တကယ်လို့ ကလေးကမိဘပြောတိုင်း ဒါအမှန်ပဲ၊ ငါ့အဖေအမေတောင်ဒီလိုပြောတာအကုန်လုံးမှန်တယ်လို့ အထင်ရောက်သွားစေခဲ့ရင် ကလေးစဉ်းစားဥာဏ်ထိုင်းသွားစေနိုင်ပါတယ်။
ကလေးကို ငြင်းဆိုခွင့် သူ့အမြင်သူတင်ပြပိုင်ခွင့် ပေးထားသင့်ပါတယ်။
ဖေဖေ ပြောတာ သားကောင်းဖို့အတွက်ဆိုပေမဲ့လို့ အားလုံးမှန်ချင်မှမှန်မှာ၊ သားပြန်စဉ်းစားကြည့်၊ မှန်တယ်ဆိုရင် လက္ခံလိုက်၊ ဖေဖေပြောတဲ့အတိုင်းလုပ်လိုက်၊ အဲလိုပြောရင် ကလေးကပိုလက္ခံတတ်ပြီး စဉ်းစားခိုင်းရာလည်းကျပါတယ်။
၃။ ငါမရဘူးဆိုရင် မရဘူးပဲ ၊ မိဘသြဇာပြတာပါ။
မှားမှားမှန်မှန် ဒီအိမ်မှာ ဒါပြီးမှပြီးတယ်ဆိုတဲ့သဘော ဆောင်ပါတယ်။
တစ်ချက်လွတ် အမိန့်သုံးတတ်တဲ့မိဘမျိုး ပြောလေ့ရှိပါတယ်။ တစ်အိမ်သားလုံးကိုယ့်ကို ကြောက်နေတာမျိုးကို ဂုဏ်ယူတတ်တဲ့ လူစားမျိုး ဖြစ်နေတတ်ပါတယ်။
ကြောက်ခြင်းဟာ ယုံကြည်လေးစားခြင်းကို ကိုယ်စားလုံးဝမပြုတာကို သတိပြုသင့်ပါတယ်။
၎။ မင်းငါတို့ နဲ့ မဆိုင်တော့ဘူး၊ မင်းလုပ်ချင်သလိုလုပ်တော့ သားသမီးကို စိတ်ပျက်ပြီ-ဆိုတဲ့ သဘောမျိုးနဲ့
ပြောတဲ့စကားမျိုးပါ။ တစ်ခုခုကို လုပ်ခိုင်းလိုက်လို့ ကလေးကို ဘယ်လိုနည်းနဲ့မှ ဖျောင်းဖြလို့
မရတော့တဲ့ အခါမျိုး မှာသုံးစွဲတတ်ပါတယ်။
မိဘက ကိုယ့်ကို စိတ်ကုန်သွားပြီလို့ ကလေးအထင်ရောက် သွားစေပါတယ်။ ကလေးစိတ်ဓါတ်ကျလွယ်စေတတ်ပါတယ်။
၅။ မင်းအမှတ် (၁၀၀ ) ရရင် ဘာဘာဝယ်ပေးမယ် အပေးအယူ လုပ်တာပါ။
မင်းငါ့ကို ဒါရအောင်လုပ်ပေးရင် မင်းကို ဒါလုပ်ပေးမယ်ဆိုတဲ့သဘောမျိုးကိုဆောင်ပါတယ်။
အဲဒီအမှတ်မှ မရရင် ၀ယ်မပေးနိုင်တဲ့သဘော၊ မိဘက ၀ယ်မပေးချင်လို့ အဲလိုပြောတာမျိုး အထင်ရောက်သွားစေပါတယ်။
ကြိုးစားခြင်းဆိုတာ ကလေးရဲ့တာဝန်လို့ ကလေးကိုသိစေသင့်ပါတယ်။
မိဘအတွက်ကြိုးစားတာမျိုး မဖြစ်သင့်ပါဘူး။
၆။ ကလေးချင်းအတူတူပဲ မင်းဘာလို့သူများလောက်မထူးချွန်တာလဲ၊
ကလေးဆိုတာ ကိုယ့်အရည်အချင်း နဲ့ ကိုယ်ရှိတတ်တာမို့ သူများကလေးနဲ့ နိုင်းနိုင်းပြီး မဆုံးမသင့်ပါဘူး။ အခြားကလေးတွေ နဲ့ ခိုင်းနိုင်းပြီး ကလေးကိုဆုံးမတာလောက် ကလေးကိုစိတ်ထိခိုက်စေတာမျိုး မရှိတော့ပါဘူး။
0 comments:
Post a Comment