၂။
'' အမိဟူသည် သားသမီးတို့၏ စိတ် နှလုံးတွင်ရွှင်ပြုံးကြည့်နူးစေ၍
လူအပေါင်းတို့အား လူ့လောကသို့ ပို့ဆောင်ပေးတတ်သော အမျိုးသမီးကို အမိ
ဟုခေါ်၍ စကားအားဖြင့် အမေ ဟု ခေါ်ပါသည်။ ''
၃။ '' မိန်းမများ မကောင်းကြောင်း ၊ ယုတ်မာကြောင်းကို ပြောမည်ဆိုလျှင် သင့်ကို မည်သူက မွေးခဲ့သနည်းဟု ပြန်စဉ်းစားပါဦး။ ''၄။ '' အမေရဲ့မျက်နှာဟာ ပါးရည်တွေ တွန့်လိပ်နေပေမယ့်၊ အိုမင်းရင့်ရော်နေပေမယ့်၊ ဆံဖြူသွားကျိုးဖြစ်နေပေမယ့်၊ သားသမီးအပေါ် ထားရှိတဲ့ မေတ္တာကတော့ ထာဝရ နုပျိုဆဲ၊ ထာဝရရှင်သန်ဆဲ၊ စမ်းရေပမာလို ကြည်လင်အေးမြဆဲပါ။ ''
၅။ '' အမေ ၏ နို့ရည်ဟူသည် ကလေးကို ချစ်သော မေတ္တာကို အရင်းခံ၍ ကံ,စိတ်,ဥတု,အာဟာရကြောင့် ဖြစ်နေသော သွေးပင်ဖြစ်ပါသည်။ ''၇။ '' ဒီကမ္ဘာလောကကြီးထဲမှာဖြင့် ဘယ်တော့မှ မပြောင်းလဲတဲ့ ဝါဒတရားတစ်ခုရှိတယ်ဆိုရင် အဲဒီဝါဒဟာ အမေတိုင်းအမေတိုင်းရဲ့ သားသမီးအပေါ်ထားရှိတဲ့ မေတ္တာဝါဒပဲ ဖြစ်မယ်။ ''
၈။ '' မိခင်သည် သားသမီးကို ကိုယ်ဝန်တည်သည့် အချိန်မှစ၍ မွေးဖွားသည့်ကာလအထိ အေးမြကြည်လင်သော မေတ္တာနှလုံးသားဖြင့် ထာဝရ စောင့်ရှောက်တက်သည်။ ''
၉။ '' တိရ စ္ဆာန်လောက၌ သံယောဇဉ်ပါသော ဆက်ဆံရေးကို မိခင်နှင့် ရင်သွေးငယ်တို့၏ ဆက်ဆံရေးတွင်သာ တွေ့ရသည်။ ''
၁၀။ '' မိခင်များ၏ မေတ္တာကား ကမ်းမမြင် လမ်းမမြင်အောင် ကျယ်ပြောနက်ရှိုင်းလှသည်။ အလျား,အနံ,အနက်အရှိုင်း ထုထည်ပမာဏကို ခန့်မှန်း၍ မဖြစ်နိုင်။ တိုင်းတာ၍လည်း မဖြစ်နိုင်ချေ။ ''
၁၁။ '' ကိုယ်ယဉ်ကျေး၊ နှုတ်ယဉ်ကျေး၊ စိတ်ယဉ်ကျေးအောင်သင်ပေးတတ်၊ ပုံတိုပတ်စ ပြောပြတတ်သော မိခင်ကို ရည်ရွယ်၍ ပုခက်လွှဲသောလက်သည် တိုင်းပြည်ကို အုပ်စိုးနိုင်၏ ဟု ပြောစမှတ် ပြုကြပါသည်။''
၁၂။ '' ဘုရားရှင်ရဲ့ မဟာကရုဏာ၊ မဟာမေတ္တာပြီးလျှင် အမေ့ရဲ့ ကရုဏာနဲ့မေတ္တာက အကြီးမားဆုံးပါပဲ။ ''
၁၃။ '' အမေ့မေတ္တာဆိုတာက မပျက်စီးတဲ့အရာ၊ သင်္ခါရကင်းလွတ်တဲ့ ပစ္စည်း မပျောက်ဆုံးတဲ့ ၀တ္တု ပါ။ ''
၁၄။ '' မိမိကိုယ်တိုင် ကိုးလ၊ ဆယ်လလွယ်ကာ မွေးလာခဲ့ရေသောကြောင့်လည်းကောငး
၁၅။ '' ကမ္ဘာပေါ်ရှိ မေတ္တာစေတနာအားလုံးဟာ သားသမီးအပေါ်ထားရှိတဲ့ မိခင်ရဲ့မေတ္တာထဲမှာ စုစည်းအကျုံးဝင်နေကြပါတယ်၊ ''
၁၇။ '' မိခင်၏မေတ္တာသည် မဖြစ်နိုင်ဟူသော အရာ များကို ဖြစ်အောင်လုပ်နိုင်သည်။ ''
(မောရစ်)
၁၈။ '' လောကတွင် '' ဘုရားနှင့် ကင်းသောသူ ရှိ၏။
အမေ နှင့်ကင်းသောသူ မရှိ။
၁၉။ '' အစဉ် အေးမြကြည်လင်သော မေတ္တာနှင့်ယှဉ်သော အချစ်ကို မိခင်ကသာ ပေးနိုင် သည်။ ''
၂၀ '' ကြီးမြတ်ခြင်းကို ပိုင်ဆိုင်သူ ''
♥ မိခင်ဆိုတာ . . .
မြေကြီးကဲ့သို့ အားကြီးသော မှီခိုရာ
ကျေးဇူးရှင်လဲ ဟုတ်တယ်။
♥ မိခင်ဆိုတာ . . .
မဟာသမုဒ္ဒရာကဲ့သို့
မေတ္တာဓါတ်ကြီး ပိုင်ရှင်လဲဟုတ်တယ်။
♥ မိခင်ဆိုတာ . . .
ကောင်းကင်ကဲ့သို့
အနန္တမရှိ ကျယ်ပြန့်လှတဲ့
ကရုဏာပိုင်ရှင်လဲ ဖြစ်တယ်။
♦ မြေနဲ့ထိတိုင်း မိခင်ကို သတိရပါ။
♦ ရေသောက်တိုင်း မိခင်ကို သတိရပါ။
♦ ခရီးထွက်တိုင်း မိခင်ကို သတိရပါ။ ။
0 comments:
Post a Comment