အဝေးမှာ ရောက်နေတဲ့ ငါ နင့်အနားမှာ နေခွင့်မရသေးတဲ့ အချိန်တိုင်း လွမ်းနေမိတယ်
ငါ နဲ့ အဝေးဆုံးမှာ ရှိနေတဲ့ နင်
ငါ့ကို သစ္စာရှိစွာချစ်နေပေးပါလို့ ငါ တောင်းဆိုပါရစေ
အားမငယ်ပါနဲ့ ချစ်သူ
လူနှစ်ယောက် ချစ်တဲ့ အချစ်မှာ
ပေါင်းဖက်ခွင့်မရရင်တောင်မှ
တစ်ယောက်ရင်ထဲမှာ တစ်ယောက် ရှိနေတဲ့ဆိုတဲ့
အတွေးလေးနဲ့တင်
ဘဝကို ဖြတ်သန်းဖို့ အားအင်တွေ ရှိတတ်ကျပါတယ်...။
တစ်နေ့နေ့ပေါ့
နင် နဲ့ ငါ့ ရဲ့ အချစ်တွေက အချစ်စစ်တစ်ခုဖြစ်တဲ့အတွက်
ကံကြမ္မာဆိုတဲ့ သူကတောင်
ငါ တို့နှစ်ယောက်ကို ပေါင်းစည်းခွင့်ပေးမှာပါ။
0 comments:
Post a Comment