လာလည်ကြသူ အရေအတွက်

Pages

Wednesday, November 26, 2014

ဘုရားနည်း မဟုတ်ပါ


ရဟန်းအသွင်ခံယူထားပါလျက် အင်းအတတ်၊ မှော်အတတ်၊ ဓာတ်ရိုက်ဓာတ်ဆင် ဗေဒင်အဆောင်လက်ဖွဲ့ ပေးကမ်းခြင်းနှင့် ပတ်သက်၍ ကျေးဇူးရှင် မဟာစည်ဆရာတော်ကြီးက ဤသို့ ဆုံးမတော်မူခဲ့ပါသည်။

“ဘုရားစကားနဲ့ ဆန့်ကျင်တဲ့ အာတဗ္ဗအတတ်၊ အင်းအတတ်၊ မှော်အတတ်၊ ဓာတ်ရိုက်ဓာတ်ဆင်၊ ဗေဒင်အတတ် အစရှိတဲ့ သာသနာတော်အပြင်ဘက်က အတတ်တွေကို မလေ့လာရပါဘူး။
သူတစ်ပါးအား ပြုလုပ်မပေးရပါဘူး။

ယခုခေတ်မှာ နာမည်လည်းကြီး၊ ဘုန်းလည်းကြီးတဲ့ အချို့ဆရာတော်များက ဒကာ၊ ဒကာမတို့အား အဆောင်သဘော၊ ဆေးသဘောနဲ့ တစ်စုံတစ်ခုသောပစ္စည်းကို ပေးကမ်းချီးမြှောက်တဲ့ အကြောင်းကြားရတယ်။
အဲဒါလည်း ဘုရားနည်းတော့ မဟုတ်ပါဘူး။”

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် - မှ ကောက်နုတ်ပူဇော်ပါသည်

0 comments:

Post a Comment

FBသူငယ်ချင်းများ ခြေရာလေးတော့ ချန်ထားခဲ့ပါ