လာလည်ကြသူ အရေအတွက်

Pages

Wednesday, November 26, 2014

ဆီးချို၊ သွေးချို ပျောက်နည်း



ဆီးချိုတင်မက သွေးချိုလည်း ပျောက်ပါတယ်

ဆေးသောက်နေသူများလည်း အသုံးပြုလို့ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။
ရုံးပတီသီး လိုအပ်ပါတယ်။ 

ရုံးပတီသီး (Lady Finger) ၂ လုံး (၂ တောင့်) ကို ထိပ်နှစ်ဖက်ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထားဖို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။
ဒီမှာရုံးပတီသီးကို ပိုးမွှားကင်းစင်အောင် သေချာဆေးကျောဖို့လိုပြီး ရေသန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။

နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်ရင်တော့ သိသိသာသာပဲ သကြား (ဂလူးကို့စ်)နည်းသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
လနဲ့စွဲသောက်ရင် သိသိသာသာ ကျဆင်းပါတယ်။
ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေတတ်ရင် ဒီရုံးပတီသီးစိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။

0 comments:

Post a Comment

FBသူငယ်ချင်းများ ခြေရာလေးတော့ ချန်ထားခဲ့ပါ